အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနား
အမှတ်စဉ်(၇) သင်တန်းဆင်းပွဲ

အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနား

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)၏ စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း

အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသား (၆၄)ဦး၊ သင်တန်းသူ(၂၄)ဦး၊ စုစုပေါင်း(၈၈)ဦးအား အောင်မြင်စွာလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး၊ DG နှင့် MD များ၊ အိန္ဒိယကောင်စစ်ဝန်ချုပ်၊ ဖိတ်ကြားထားသော မြင်းခြံခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ၏ မိဘများ၊ သင်တန်းကျောင်းမှ နည်းပြဆရာ/ဆရာမများ၊ သင်တန်းဆင်းသင်တန်းသား/သင်တန်း သူများ တက်ရောက်ခဲ့ကြပါသည်။