MyingyanSlide11.jpeg
MyingyanSlide11.jpeg
Shadow

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)ကို အိန္ဒိယသမ္မတနိုင်ငံ အထောက်အပံ့ကို HMT (International) Ltd အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ (MOU) အား (၂၁.၆.၂၀၂၁) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနည်းပြ(၁၇)ဦးအား Instructor Course (၆)လ သင်တန်းကိုလည်းကောင်း၊ သင်တန်းကျောင်းစီမံခန့်ခွဲရေးဆိုင်ရာ အရာထမ်း(၄)ဦးအား Administrator Course (၃)လ သင်တန်းကို လည်းကောင်း အိန္ဒိယသမ္မတနိုင်ငံတွင် သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ (၁၅.၁၀.၂၀၁၃) ရက်နေ့တွင် သင်တန်းကျောင်း လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အမှတ်စဉ်(၁)သင်တန်းအား သင်တန်းသား (၁၈၁)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဆရာ/ဆရာမ များနှင့် သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးမည့် On-the-Job-Training (OJT) အတွက် အိန္ဒိယပညာရှင်(၄)ဦးသည် (၆)လနှင့် (၈)ဦးသည် (၁)နှစ် အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)တွင် နေထိုင်ဆောင်ရွက်ပေးခဲ့ပါသည်။

အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီးတွင် တည်ရှိပါသည်။ သင်တန်းကျောင်းကိ အိန္ဒိယရူပီငွေ (၁၈၈၁)သိန်းနှင့် နိုင်ငံတော်မှ စိုက်ထုတ်ငွေ (၄၇၈၆.၈၂၅)သန်းဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းတွင် သင်ကြားသည့် ဘာသာရပ်များသည် (၁)နှစ်သင်တန်းဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ -

(၁) တွင်ခုံ၊ ကြိတ်ခုံ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (Machinist – Turner/Miller Course)

(၂) စက်ရုံဖစ်တာသင်တန်း (Machinist – Fitter Course)

(၃) ဒိုင်နှင့်မို ပြုလုပ်မှုသင်တန်း (Die Making & Moulding Course)

(၄) ကွန်ပျူတာသုံးစက်ခုတ်စားမှု စက်ကိရိယာများကိုင်တွယ်မောင်းနှင်မှုသင်တန်း (CNC Machinist Course)

(၅) စက်ရုံလျှပ်စစ်ပညာသည်သင်တန်း (Industrial Electrician Course)

(၆) အီလက်ထရောနစ်စက်ပြင်သင်တန်း (Electronics Mechanics Course)

(၇) သံဂဟေနှင့် သံဂဟေဆက်လုပ်သားသင်တန်း (Sheet Metal & Welding Worker Course)

(၈) သံရည်ကျိုလုပ်သားသင်တန်း (Foundry Course)